ကလေးလူငယ်များနှင့်မိဘများအတွက် ဒီဂျစ်တယ်နည်းပညာတတ်မြောက်ရေး လို့ အမည်ပေးထားတဲ့ ပရိုဂရမ်စီးရီးလေး တစ်ခုကို မိတ်ဆက်ပေးပါရစေ။
နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာတဲ့ အခုခေတ်လို အချိန်အခါမျိုးမှာ မြန်မာနိုင်ငံရှိ ကလေး လူငယ်များနှင့် မိဘများအတွက် ဒီဂျစ်တယ်ရပ်ဝန်းမှာ အသစ် အသစ်သော စိန်ခေါ်မှုများနှင့် နည်းပညာ အတတ်ပညာ အခွင့်အလမ်းများစွာကို ကြုံတွေ့လာရနိုင်ပါတယ်။
ဒီဂျစ်တယ်နည်းပညာ အတတ်ပညာအားနည်းမှု အခက်အခဲကြောင့် အခွင့်အလှမ်းများ လက်လှမ်းမမှီဘဲ မကျန်ရှိခဲ့ရလေအောင် လူကြီး၊ လူငယ်၊ ကလေးအပါအဝင် မိသားစုဝင် အားလုံးအတွက် လွယ်လင့်တကူ အခမဲ့သင်ယူ လေ့လာနိုင်မည့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ဗဟုသုတများကို ကျနော်တို့ရဲ့ ဒီပရိုဂရမ် အစီအစဉ်မှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ပရိုဂရမ်မှ ဦးစားပေးတင်ဆက်သွားမည့် အကြောင်းအရာများကတော့
အွန်လိုင်းသုံးစွဲမှု ဘေးကင်းလုံခြုံရေး
အင်တာနက်ကို စမတ်ကျကျ အသုံးပြုနိုင်မှု
ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဒီဂျစ်တယ်စွမ်းရည်များ
မိသားစုများအတွက် အွန်လိုင်းလုံခြုံရေး
ဆိုက်ဘာ လုံခြုံရေးအခြေခံများ
ကလေးလူငယ်များ၏ ဒီဂျစ်တယ်နည်းပညာ အသုံးပြုမှုဆိုင်ရာကို မိဘများအနေဖြင့် ထိန်းကျောင်းနိုင်မည့် အကြံပြုချက်လမ်းညွှန်များ
ကောင်းမွန်သော ဒီဂျစ်တယ်ခြေရာများ ပုံဖော်ခြင်း စသည့်အကြောင်းအရာများ ပါဝင်မှာပဲ ဖြစ်ပါတယ်။
(မှတ်ချက် - မည်သည့်ငွေပေးချေမှုမျှ မလိုအပ်ပါ၊ အခမဲ့ပညာဒါန မျှဝေခြင်း ဖြစ်ပါသည်။)
ဘယ်သူတွေ ကြည့်သင့်လဲ
ဒီဂျစ်တယ်နည်းပညာ တတ်မြောက်မှု၊ အွန်လိုင်းလုံခြုံရေးနှင့် နည်းပညာဆိုင်ရာ နားလည်အသုံးချမှုများကို လေ့လာလိုသော၊ ပိုမိုတိုးတက်လိုသော ကလေး၊ လူငယ်များနှင့် လူကြီး မိဘများအတွက်ပဲ ဖြစ်ပါတယ်။
နည်းပညာနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိသေးသော်လည်း လေ့လာသင်ယူလိုစိတ်ရှိသူ မည်သူမဆို ဒီဂျစ်တယ်ရပ်ဝန်းမှာ ယုံကြည်မှုရှိရှိ ဘေးကင်းစွာဖြင့် လျှောက်လှမ်းနိုင်ရန် လေ့လာသင့်သည့် အချက်အလက်များကို အလွယ်တကူ အခမဲ့ သင်ယူနိုင်ရန် “ဒီဂျစ်တယ်နိုင်ငံသား”၏ Facebook, Youtube နှင့် Telegram Channel များမှ တဆင့် စုစည်းတင်ဆက်ပေးမှာ ဖြစ်လို့ Like & Follow လုပ်ထားပါဦးခင်ဗျာ။
Facebook | https://facebook.com/digitalchildmm
Telegram | https://t.me/digitalchildmyanmar
Youtube | https://www.youtube.com/@DigitalChildMyanmar
မိသားစုတွေအတွက် ဘေးကင်းစိတ်ချရပြီး အကျိုးရှိကောင်းမွန်တဲ့ ဒီဂျစ်တယ် အတွေ့အကြုံတွေကို ပံ့ပိုးပေးကြရင်း ဒီဂျစ်တယ်နည်းပညာ တတ်မြောက်မှု ရှိတဲ့ မျိုးဆက်သစ်ကို အတူတကွ ပါဝင်လက်တွဲ တည်ဆောက်ကြပါစို့။
အွန်လိုင်းသုံးစွဲမှု ဘေးကင်းလုံခြုံရေး - အွန်လိုင်းသုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေး၊ အွန်လိုင်းတွင် စွပ်စွဲစော်ကား အနိုင်ကျင့်မှုများမှ ကာကွယ်ရန် နည်းလမ်းများ၊ တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် လူမှုကွန်ရက်ဝန်းကျင် ဖြစ်ပေါ်လာစေရန် အလေ့အကျင့်ကောင်းများ မွေးမြူခြင်း စသည့်အကြောင်းအရာများကို ကျနော်တို့တင်ဆက်မည့် ပို့စ်များနှင့် ဗီဒီယိုများမှတစ်ဆင့် လေ့လာနိုင်ပါတယ်။
Safe Online Behavior: Learn about online privacy, cyberbullying prevention, and responsible social media habits through posts and videos.
အင်တာနက်ကို စမတ်ကျကျ အသုံးပြုနိုင်မှု - ဆင်ခြင်တုံတရားရှိရှိ အချက်အလက်ကျကျ ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်း ရှိစေတဲ့အတွေးအခေါ်များ ဖွံ့ဖြိုးအားကောင်းစေဖို့ရာ ယုံကြည်ရသည့် အချက်အလက်များ မည်သို့ မည်ပုံ ရှာဖွေစိစစ်ဆေးနိုင်မလဲ ဆိုသည့်အကြောင်းအရာများ၊ အွန်လိုင်း လိမ်လည်မှုများမှ ရှောင်ရှားကာကွယ်နိုင်စေမည့် အကြောင်းအရာများနှင့် အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်မည့် နည်းလမ်း အကြံဉာဏ်များကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Smart Internet Use: Develop critical thinking skills to identify credible information, avoid online scams, and make the most of the internet.
ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဒီဂျစ်တယ်စွမ်းရည်များ - အွန်လိုင်းမှာ အတန်းတက်ခြင်း၊ ကျောင်းတက်ခြင်းနှင့် လုပ်ငန်းခွင်ဆိုင်ရာ အလုပ်/ကျောင်း - အီးမေးလ် အသုံးပြုမှု၊ စာပေများကို အွန်လိုင်းမှတဆင့် တည်းဖြတ်မှုနှင့် ပညာရေးဆိုင်ရာ အက်ပ်များ သုံးနည်းစသည့် ရိုးရှင်းသော နည်းပညာတစ်ချို့ကို လေ့လာနိုင်ရန် ဖော်ပြပေးသွားမှာပါ။
Digital Skills for School and Work: Explore essential tools like email, word processing, and educational apps for schoolwork and daily tasks.
မိသားစုများအတွက် အွန်လိုင်းလုံခြုံရေး - ကလေးလူငယ်များ၏ အွန်လိုင်းပေါ်မှ လှုပ်ရှားမှုများကို မိဘများအနေနဲ့ ဘေးမှ ထိန်းသိမ်းစောင့်ကြည့် ကာကွယ်ပေးနိုင်စေမည့် အကြံဉာဏ်များ၊ ဖုန်းနှင့် အင်တာနက် (Screen time) သုံးစွဲမှုကို ကျန်းမာသော အချိန်ကန့်သတ်ချက်များ သတ်မှတ်ခြင်းနှင့် အွန်လိုင်းပတ်ဝန်းကျင်တွင် လုံခြုံဘေးကင်းစွာဖြင့် လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာနိုင်စေရန် အကြံဉာဏ်များကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Online Safety for Families: Equip parents with tips to monitor children’s online activities, set healthy screen limits, and maintain a safe online environment.
ဆိုက်ဘာလုံခြုံရေး အခြေခံများ - ဖုန်း၊ ကွန်ပျူတာနဲ့ ဒီဂျစ်တယ်ဆိုင်ရာ ကိရိယာများကို အွန်လိုင်းဆိုင်ရာ ကျူးကျော်သိမ်းပိုက်မှုများမှ ကာကွယ်နိုင်ရန်နှင့် လုံခြုံစွာ ဂရုစိုက်အသုံးပြုရန် အချက်အလက်များကိုလည်း ဖော်ပြတင်ဆက်ပါမယ်။
Cybersecurity Basics: Understand how to protect devices from online threats and practice safe browsing habits.
မိဘများအတွက် ကလေးလူငယ်များ၏ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အုပ်ထိန်းမှုအကြံဉာဏ်များ - မိဘများအနေဖြင့် ကလေးလူငယ်များ၏ ဒီဂျစ်တယ်သုံးစွဲမှုဆိုင်ရာ နည်းပညာခရီးလမ်းမှာ ကောင်းစွာ လမ်းညွှန်ပံ့ပိုးပေးနိုင်ရန် နှင့် ညီညွတ်မျှတသော သင့်တော်သည့်နည်းလမ်းဖြင့် အင်တာနက်သုံးစွဲမှု နည်းပညာသုံးစွဲမှု အလေ့အထများကို အတူတကွ ဖော်ဆောင်နိုင်ရန် အသုံးဝင်သော အကြံပြုချက်များကိုလည်း တင်ဆက်ပေးသွားပါမယ်။
Digital Parenting Tips: Discover practical guidance for parents to support and supervise their child’s digital experience while fostering a balanced, healthy relationship with technology.
ကောင်းမွန်သော ဒီဂျစ်တယ်ခြေရာပုံဖော်ခြင်း - ကလေးလူငယ်များအနေဖြင့် သူတို့၏ အွန်လိုင်းပေါ်မှ လုပ်ဆောင်ချက်များဟာ သူတို့၏ ဘဝတလျှောက် ရာသက်ပန် သက်ရောက်နိုင်မှုများကို နားလည်သဘောပေါက်စေရန်နှင့် အကောင်းမွန်ဆုံးသော အဆိပ်အတောက်ကင်းသော ဘေးကင်းသော အွန်လိုင်းစူးစမ်းလေ့လာမှု ခရီးစဉ်တစ်ခုကို ကလေးလူငယ်များနှင့် အတူတကွ ဖော်ဆောင်ပေးနိုင်ရန် မိဘများက သင်ကြားပေးဖို့ရာ ကျနော်တို့၏ ပရိုဂရမ်အစီအစဉ်မှ များစွာ မျှော်လင့်ထားပါတယ်။
Creating Positive Digital Footprints: Teach children the long-term impact of their online activities and how to build a positive online reputation.