ဒီဂျစ်တယ်နည်းပညာ အတတ်ပညာအားနည်းမှု အခက်အခဲကြောင့် အခွင့်အလှမ်းများ လက်လှမ်းမမှီဘဲ မကျန်ရှိခဲ့ရလေအောင် လူကြီး၊ လူငယ်၊ ကလေးအပါအဝင် မိသားစုဝင် အားလုံးအတွက် လွယ်လင့်တကူ အခမဲ့သင်ယူ လေ့လာနိုင်မည့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ဗဟုသုတများကို ကျနော်တို့ရဲ့ ဒီပရိုဂရမ် အစီအစဉ်မှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ပရိုဂရမ်မှ ဦးစားပေးတင်ဆက်သွားမည့် အကြောင်းအရာများ လေ့လာရန် Read more ကိုနှိပ်ပါ။
Writer: Sunny
Illustrator: Kaung
ဟိုးရှေးရှေးတုန်းက အင်းအိုင်ကန်ကျယ်ဘေးနားမှာ ကပ်ပြီး တည်ထားတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့။ ထိုရွာလေးရဲ့ အစွန်အဖျား၊ အင်းအိုင်ကန်ကြီးရဲ့ ကမ်းနံဘေးက မေးတင်ထားသော ခြေတံရှည် သစ်အိမ်လေး တစ်လုံးမှာ မောင်ပြည့်စုံ ဆိုတဲ့ လူငယ်လေး တစ်ယောက် ရှိသတဲ့။ နာမည်ကသာ “ပြည့်စုံ” လို့ တွင်ပေမယ့် မောင်ပြည့်စုံလေးရဲ့ဘဝ အစတည်းက မပြည့်စုံခဲ့ရှာပါဘူး။ သူ့ကို မွေးဖွားစဉ်မှာပဲ သူ့ရဲ့ မိခင်ဟာ ကွယ်လွန်ခဲ့တာကြောင့် ငယ်စဉ်တည်းက မိခင်မရှိဘဲ ဖခင်ဖြစ်သူ လက်သမားကြီးနဲ့သာ ကြီးပြင်းခဲ့ရတယ်။